ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးအဖွဲ့ရုံးမှ အတွင်းရေးမှူးတို့ လိုက်ပါလျက် (၄-၄-၂၀၂၀) ရက်နေ့၊ (၀၇:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသ ကြီး၊ ဟင်္သာတခရိုင်အတွင်း COVID-19 လုပ်ငန်းနှင့်ပတ်သက်၍ ထောက်ပံ့ငွေ၊ အလှူငွေနှင့် ပစ္စည်းလှူဒါန်းထောက်ပံ့ခဲ့မှုခရီးစဉ်တွင် ကြံခင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကံဆယ် ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကြံခင်းမြို့နယ် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး စီမံချက်ဖြင့် ဆောင်ရွက်ထားရှိသည့် နေအိမ် (၁၀၀)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေအား လည်းကောင်း၊ (၁၄:၁၅) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ သပြေကုန်း ကျေးရွာအုပ်စု၊ ရွှေကျင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ မြန်အောင်မြို့နယ် လေပြင်းဘေးကြိုတင်ပြင် ဆောင်ရွက် မည့် နေအိမ် (၁၀၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေအားလည်းကောင်း တာဝန်ရှိသူများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုးကျကာလမတိုင်မီ နေအိမ်များအား အပြီးသတ်ပြုပြင် ဆောင်ရွက်သွားရေးကို လမ်းညွှန်မှာကြားခဲ့ပါသည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျန်ခရိုင်များ တွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ပေးအပ်ထားသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ မြို့နယ်များအလိုက် ယနေ့တွင် COVID-19 ကြိုတင် ပြင်ဆင်ရေးဆောင်ရွက်ထားရှိမှု၊ ထောက်ပံ့မှုများနှင့် အတူ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများကိုလည်း တစ်ပါတည်းကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးသည် အဆိုပါ ဝန်ကြီးချုပ်ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခဲ့ပြီး ၎င်းဆောင်ရွက်မှုများသည် မိုးဦးကာလမတိုင်မီ လေပြင်းဘေး ကျရောက်တတ်သည့်အတွက် လေပြင်းဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအနေဖြင့် ခိုင်ခံ့မှု အားနည်းသော နေအိမ်များကိုပြုပြင်ပေးခြင်းဖြင့် လေပြင်းဘေးကျရောက်သည့် အခါ ထိခိုက် ဆုံးရှုံးမှုကို လျော့နည်းသက်သာစေမည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)