Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၆)လူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၅-၄-၂၀၂၀) ရက်နေ့ (၀၈း၀၀)နာရီမှ (၁၆း၃၀)နာရီ အချိန်ထိ မြင်းခြံမြို့နယ်အတွင်း ကေျးရွာအုပ်စု(၈)အုပ်စု၊ ကျေးရွာ(၂၀)သို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် တို့အား အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာ၊ ဝှယ်သူတော်ကျေးရွာ၊ ဘီဆိုကျေးရွာ၊ လျားဒူကျေးရွာ၊ ထီးဒူးလယ်ကျေးရွာနှင့် လောထောတနောကျေးရွာနေ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၅-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်မှ စတင်ပြီး လေးမျက်နှာမြို့နယ် (အိုင်သပြုအုပ်စုအတွင်းရှိ ကျေးရွာတို့တွင်လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာ၊ ဒေါညေးခူကျေးရွာနှင့် ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာနေ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားရေးအတွက် သိရှိလိုက်နာရန်အချက်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ စည်းကမ်းရှိပြီး ကာကွယ်နိုင်ရန် တိုက်တွန်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၄.၂၀၂၀) ရက်နေ့တွင် မြေကျက်ဆူကျေးရွာစာသင်ကျောင်း၊ မြို့ကြီးကျေးရွာစာသင် ကျောင်း၊ နူံးကြီးကျေးရွာစာသင်ကျောင်း၊ မြောက်နူံးကျေးရွာ စာသင်ကျောင်းများသို့ လွှတ်တော်ကိုယ်စားလှယ် ဒု- မြို့နယ် အုပ်ချုပ်ရေးမှူး ပြန်လှည့်ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမများ မြောက်နူံးကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကြီးကြပ်-၂ ဆရာမ အုပ်စုအုပ်ချုပ်ရေးမှူး ရွာခွဲတာဝန်ခံများ COVID 19 ကာကွယ်ထိန်းချုပ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ စာသင်ကျောင်းများအတွင်း ရောက်ရှိနေသူများကို ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်း အားပေးနှစ်သိမ့်ခြင်း ဒေသန္တရထွက်ရှိထားသည့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီရန် အားလုံးတစ်ဦးချင်းစီ၏ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကရုဏာသုခကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့် ပူးပေါင်း၍ (၅-၄-၂၀၂၀) ရက်နေ့၊ (၈:၃၀)နာရီမှ(၂:၀၀)နာရီအထိ မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ၊ နဘူးကျေးရွာ၊ ပေကုန်းကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ကျောက်မောကျေးရွာ၊ အောင်မြေသာကျေးရွာနှင့် ဝဲပေါင်းကျေးရွာ(လီဆူ၊ ဗမာ) တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









