လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၆)လူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၅-၄-၂၀၂၀) ရက်နေ့ (၀၈း၀၀)နာရီမှ (၁၆း၃၀)နာရီ အချိန်ထိ မြင်းခြံမြို့နယ်အတွင်း ကေျးရွာအုပ်စု(၈)အုပ်စု၊ ကျေးရွာ(၂၀)သို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် တို့အား အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mdy_apr2020
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)