လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၄.၂၀၂၀) ရက်နေ့တွင် မြေကျက်ဆူကျေးရွာစာသင်ကျောင်း၊ မြို့ကြီးကျေးရွာစာသင် ကျောင်း၊ နူံးကြီးကျေးရွာစာသင်ကျောင်း၊ မြောက်နူံးကျေးရွာ စာသင်ကျောင်းများသို့ လွှတ်တော်ကိုယ်စားလှယ် ဒု- မြို့နယ် အုပ်ချုပ်ရေးမှူး ပြန်လှည့်ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမများ မြောက်နူံးကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကြီးကြပ်-၂ ဆရာမ အုပ်စုအုပ်ချုပ်ရေးမှူး ရွာခွဲတာဝန်ခံများ COVID 19 ကာကွယ်ထိန်းချုပ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ စာသင်ကျောင်းများအတွင်း ရောက်ရှိနေသူများကို ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်း အားပေးနှစ်သိမ့်ခြင်း ဒေသန္တရထွက်ရှိထားသည့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီရန် အားလုံးတစ်ဦးချင်းစီ၏ စည်းကမ်းရှိပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID 19 ကပ်ရောဂါမှ ကာကွယ်နိုင်ရန် တိုက်တွန်းပြောဖြစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sag_apr2020