Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာ မြို့နယ်အတွင်းရှိ မြှာအုပ်စု၊ကန်တောင်အုပ်စု၊ဇောင်းချမ်းကုန်းအုပ်စုရှိ ကျေးရွာ (၁၈) ရွာအတွင်းရှိ ပြည်သူများအား Covid -19နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_apr2020
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ဆက်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၈-၄-၂၀၂၀) ရက်နေ့၊ နံနက်(၉:၀၀) နာရီမှ စ၍ မိုင်းဖြတ်မြို့နယ်၊ ပါယောင်း (၁) ကျေးရွာ၊ ပါယောင်း(၂) ကျေးရွာ၊ စံပြ (ကချင်း) ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များကို ကျေးရွာပြည်သူလူထုအား မြန်မာ၊ အာခါ၊ လားဟူ ဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၄.၂၀၂၀) ရက်နေ့တွင် (၀၈:၀၀)နာရီမှ စတင်၍ (၁၂:၀၀) နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာအုပ်စု၊ မအူအလယ်ကျေးရွာ၊ မအူကျောက်ဖူးကျေးရွာ၊ မအူခုနှစ်ပင်ကျေးရွာ၊ မအူတောင် ကျေးရွာနှင့် မအူကတိုးစုကျေးရွာများသို့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက် ရန်များကို လောစပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈. ၄.၂၀၂၀)ရက်နေ့ မနက်(၉:၃၀)အချိန်မှနေ့လည် (၁၂:၀၀)အချိန်ထိ သံတောင်ကြီးမြို့နယ်အတွင်းရှိ ရွာကြီးကျေးရွာအုပ်စုတွင်ရှိသော ပျားစခန်းကျေးရွာ၊ သူဌေးကုန်းရွာသစ်၊ မဲဇလီကုန်းကျေးရွာများသို့ COVID -(19) ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း ကျေးရွာနှင့် တကေးချောင်းဖျားကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၄.၂၀၂၀) ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ ပေါက်မြို့နယ်၊ သံပုရာအုပ်စု၊ သံပုရာကျေးရွာ၊ မင်းကောင်းကျေးရွာများတွင် လှည့်လည်၍ covid 19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









