Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   မိုင်းဖြတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ဆက်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၈-၄-၂၀၂၀) ရက်နေ့၊ နံနက်(၉:၀၀) နာရီမှ စ၍ မိုင်းဖြတ်မြို့နယ်၊ ပါယောင်း (၁) ကျေးရွာ၊‌ ပါယောင်း(၂) ကျေးရွာ၊ စံပြ (ကချင်း) ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များကို ကျေးရွာပြည်သူလူထုအား မြန်မာ၊ အာခါ၊ လားဟူ ဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_apr2020

 Source:  မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events