Latest News
-
(COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် (၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြင့်မြတ်စေတနာပရဟိတအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေး နှင့်အတူပူးပေါင်း၍ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာ၊ ထန်းပင်ကန်ကျေးရွာနှင့် စိန်ပန်းကုန်း ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေတွင်းများ ပြုပြင်ရန်အတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်အတွင်း နွေရာသီကာလသောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ရေရရှိရေးဆောင်ရွက်ရန် ရေအရင်းအမြစ်ရှာဖွေခြင်းနှင့် ရေတွင်းပြုပြင်ခြင်းလုပ်ငန်း(၅)ခုအတွက် ကုန်ကျငွေကျပ် (၁၆၅) သိန်းအား(၈-၄-၂၀၂၀) ရက်နေ့ နေ့လယ် (၁၃း၀၀) အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_apr2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သရက်မြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများထံ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြတ်ပါရမီပရဟိတအသင်းတို့ပူးပေါင်း၍ (၈-၄-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ ပေါက်ဦးကားကျေးရွာ၊ ပုဏ္ဏားကျေးရွာ၊ ရွာမကျေးရွာနှင့် တုံရွာကြီး/ရွာငယ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များအား ပြည်သူသို့ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့၊ (၈:၀၀) နာရီမှ (၁၃:၀)နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကရုဏာသုခကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ မိုးဘုံအုပ်စု၊ မန်အုံကျေးရွာ၊ မိုးဘုံကျေးရွာနှင့် မန်ပတ်ကျေးရွာအုပ်စု၊ မန်ပတ်ကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများ မဖြစ်စေ ရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှ စတင်၍ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ရွှေလောင်းရွာမကျေးရွာ၊ ချောင်းကြီးကျေးရွာနှင့် ရေကျော်ကျေးရွာတို့တွင် လက်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ မပြန့်ပွားစေရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၈.၄.၂၀၂၀)နေ့ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာနှင့် ပြင်ထပ်အော်ကျေးရွာတို့တွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင် ဝေငှခြင်းအား ခရိုင်လူမှုဝန်ထမ်း ၊ ကရုဏာလူမှုကူညီရေးအသင်း၊ ရပ်ကျေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီတို့နှင့်ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









