(COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် (၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြင့်မြတ်စေတနာပရဟိတအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေး နှင့်အတူပူးပေါင်း၍ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာ၊ ထန်းပင်ကန်ကျေးရွာနှင့် စိန်ပန်းကုန်း ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mgy_apr2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events