Latest News
-
ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ မိဿလင်ကျေးရွာအုပ်စု၊ မိဿလင်ကျေးရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့ မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မိဿလင်ကျေးရွာအုပ်စု၊ မိဿလင်ကျေးရွာတွင် (၅-၃-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)၊ အိမ်ထောင်စု(၂)စုမှ စုစုပေါင်းလူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၀၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂) အိမ်ထောင်စာ(၉၂၀၇၂/-)နှင့် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၀၅၀၀/-)ကျပ်အား (၇-၃-၂၀၂၄)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_mar_2024 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်း မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်းတွင် (၆.၃.၂၀၂၄)ရက်နေ့၊ (၁၇း၃၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးခဲ့သောနေအိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၂၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၈,၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၄၅၈,၈၀ဝိ/-)နှင့် ထောက်ပံ့ငွေ (၅၅၃,၂၁၆/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၀)အိမ်ထောင်စာ ၊ အလှူပစ္စည်း JICA စောင်(၁၀)ထည်နှင့် အိပ်ယာခင်း(၁၀)ခု၊ UNICEF တာပေါ်လင် (၁၀)လိပ်နှင့် ကာဘော်လိပ်ဆပ်ပြာ(၂၀)တောင့်တို့အား (၇.၃.၂၀၂၄)ရက်နေ့၊ (၁၂း၁၀)နာရီအချိန်တွင် သက်ဆိုင်ရာ … Read more
-
ပျဉ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား”ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးသည် “သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား” ကို (၆-၃-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပျဉ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလကို (၆-၃-၂၀၂၄) ရက်နေ့မှ (၈-၃-၂၀၂၄) ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ အောင်သပြေ ကျေးရွာနှင့် မှုံနှစ်ကျေးရွာအတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့ပေးအပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာနှင့် မှုံနှစ်ကျေးရွာအတွင်း လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် အိမ်ထောင်စု(၃၆)လုံးအား အိမ်ထောင်စုအလိုက် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများအား (၄.၃.၂၀၂၄)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများရှေ့မှောက်၌ ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #prep_sgw #npt_mar_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ ဝါသလကျေးရွာ မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်း၍ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီး ကျေးရွာအုပ်စု၊ ဝါသလကျေးရွာတွင် (၃.၃.၂၀၂၄)ရက်နေ့၌ ဖြစ်ပွားသောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-)၊ အိမ်ထောင်စု(၃)စုမှ စုစုပေါင်း လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀ိ/-)၊ ထောက်ပံ့ငွေ (၁၃၈,၁၀၈/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၃) အိမ်ထောင်စာနှင့် စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ငွေ (၆၁၆,၈၀၀ိ/-) တို့အား(၄-၃-၂၀၂၄)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_fir … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်အတွင်း လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေး အတွက် အိမ်ထောင်စုအလိုက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်အတွင်း လေပြင်း ဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် အိမ်ထောင်စု (၁၀)လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများမှ အိမ်ထောင်စုအလိုက် လိုအပ်သည့်ပစ္စည်းများအား (၂၉-၂-၂၀၂၄)ရက်နေ့၊ (၁၁း၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #npw_feb_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)









