ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ရောဂါ နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊BHN  Association INGO(ဂျပန်)နှင့် ပူးပေါင်း၍ ( ၈-၄-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီမှ (၁၂:၀၀)နာရီချိန်ထိ သံတွဲခရိုင်၊သံတွဲမြို့နယ် ခရမ်းမော်ကျေးရွာ၊ဝါးနွယ်ပြင်ကျေးရွာအတွင်းလှည့်လည်ပြီးကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအားပြည်သူလူထုသို့အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ကုန်းတောင်းအုပ်စု၊ ဘုရားကုန်းအုပ်စု၊ညောင်အိုင်အုပ်စု၊ ဘူးရုံအုပ်စု၊ ညောင်ပင်သာအုပ်စုနှင့် ယင်းမာပင်အုပ်စုရှိ ကျေးရွာ (၁၉) ရွာအတွင်းရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးကြေငြာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်ခြင်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၈-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၇:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဇေယျာသီရိမြို့နယ်၊‌ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာ၊ကန်သာအေးကျေးရွာ၊ရွှေကျကျေးရွာ၊ရွှေတွင်းကုန်းကျေးရွာ၊သာယာစုကျေးရွာ၊အောင်ချမ်းသာကျေးရွာ၊ချောင်းဖျားကျေးရွာ၊ သာစည်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၊အောင်သာကျေးရွာ၊မြဂနိုင်ကျေးရွာ၊ ဗောဓိမြိုင်ကျေးရွာ၊ပြည်စံအောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ပုပ္ပါးကုန်းရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #npw_apr2020

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီမှ (၁၅း၀၀) နာရီအချိန်အထိ ကျိုက်မရောမြို့နယ်အတွင်းရှိ ကော့သပ်ကျေးရွာ၊ တရနာကျေးရွာ၊ သံကလောင်ကျေးရွာနှင့် ဓမ္မသကျေးရွာများသို့ လှည့်လည်ပြီး Covid-19 ကူးစက်​​မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား ကျေးရွာနေပြည်သူများသို့ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်ခြင်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၈-၄-၂၀၂၀) ရက်နေ့‌တွင် ပြန်ကြား‌ရေးနှင့်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန Youth Clubအသင်းတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့  ၊ရွှေကူ၊တံခွန်တိုင်၊ ညောင်ရင်းကုန်း၊ ကံဖြူ၊မင်းရွာကျေးရွာ တို့တွင်Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_apr2020

  • Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်ခြင်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြား‌ရေးနှင့်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၈-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်အတွင်းရှိ မိန်းပန်း၀ရပ်ကွက်၊မိန်းပန်းရှမ်းရပ်ကွက်နှင့်ပန်လုံလမ်းရပ်ကွက်တို့၌ Covid-19ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးအတွက်လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို အသိပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်‌ ဝေခြင်းနှင့်လက်‌ ဆေးနည်းအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြသမှုများ ပြုလုပ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_apr2020