COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီမှ (၁၅း၀၀) နာရီအချိန်အထိ ကျိုက်မရောမြို့နယ်အတွင်းရှိ ကော့သပ်ကျေးရွာ၊ တရနာကျေးရွာ၊ သံကလောင်ကျေးရွာနှင့် ဓမ္မသကျေးရွာများသို့ လှည့်လည်ပြီး Covid-19 ကူးစက်​​မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား ကျေးရွာနေပြည်သူများသို့ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_apr2020

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events