Latest News
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ကျွန်းကျေးရွာအုပ်စု၊ ကျွန်းကျေးရွာ၊ လွန်ချီကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr 2020
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၄-၂၀၂၀) ရက်နေ့ (၀၈း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ သံပြာချောင်းကျေးရွာအုပ်စု၊ သံပြာချောင်းကျေးရွာနှင့် စိုင်သေကျေးရွာများသို့ COVID-19ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လောစပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့၊ (၀၉:၃၀)နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒညင်းကုန်းကျေးရွာ၊ ဘုရားရွာကျေးရွာနှင့်ဘုရားဆိပ်ကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှုးရုံး (ဘစမ) #ar #mon_apr2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်မှ (၁၀း၀၀) အချိန်အထိ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးIDPစခန်းသို့ COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှုးရုံး (ဘစမ) #ar #rke_apr2020
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးနှင့် တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင် ၊ လောင်းလုံးမြို့၊ (က) ရပ်ကွက်၊ (ခ) ရပ်ကွက်၊ (ဂ)ရပ်ကွက်၊ (ဃ) ရပ်ကွက် တို့တွင် လော်စပီကာ တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက်(၈း၀၀) နာရီအချိန်မှ (၁၈း၀၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်လမ်း၊ နောင်နွန်းစုပေါင်းဂိတ်တွင် ကျိုင်းတုံမြို့တွင်းသို့ အ၀င်အထွက်ယာဥ်လိုင်းများတွင် စီးနှင်းလိုက် ပါသော ခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020









