လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၄-၂၀၂၀) ရက်နေ့ (၀၈း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ သံပြာချောင်းကျေးရွာအုပ်စု၊ သံပြာချောင်းကျေးရွာနှင့် စိုင်သေကျေးရွာများသို့ COVID-19ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လောစပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_apr 2020