Latest News
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၁၃–၄–၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက် အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊သဲကုန်းလေးကျေးရွာအုပ်စု၊ညောင်တပင်ကျေးရွာ များ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန် ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ်ကျေးရွာ၊ မော်ချီးအောက်ကျေးရွာ၊ အနာဂတ်လင်းတန်းကျေး ရွာ၊ လိုခါးလိုကျေးရွာ၊ ဘူလော်ဘာကျေးရွာရှိ မိဘပြည်သူများအား COVID -19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန် အချက်များကို (၁၃-၄-၂၀၂၀) ရက်နေ့တွင် အသိပညာဖြန့်ဝေ ခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_apr2020 Source: ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာ အုပ်စု၊ ထီးဖိုးကလိုးကျေးရွာနှင့် ဒေါငူသွဲ့ကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်များကို (၁၃-၄-၂၀၂၀) ရက်နေ့တွင် အသိပညာပေးဖြန့်ဝေခဲ့ ကြောင်း သိရှိရပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀)ရက်တွင် (၀၉:၀၀) နာရီမှ(၁၅:၀၀) ထိ စစ်တွေမြို့ ပေါ်ရှိ တိုက်ပွဲရှောင်စုရပ်များဖြစ်သော ကရုချောင်းဘုန်းတော်ကြီးကျောင်း၊ ဇမ္ဗူရတနာကျောင်းတိုက်၊ မဟာမုဗုဒ္ဓ ဝိဟာရဘုန်းတော်ကြီးကျောင်း၊ နန်းရွှေဂူဘုန်းတော်ကြီးကျောင်း၊ ဓမ္မရာမဘုန်းတော်ကြီးကျောင်း၊ မဟာဝိဇယာ ရာမကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်များသို့ သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ဆော်သြခဲ့ကြောင်း သိရှိရပါသည်။ #ar #rke_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
(၁၃-၄-၂၀၂၀)ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ကော့သောင်းမြို့၊ ချောင်းစလန်းကျေးရွာအတွင်းရှိ ပြည်သူများအား Covid-19 ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speakerဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_apr2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)









