လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀)ရက်တွင် (၀၉:၀၀) နာရီမှ(၁၅:၀၀) ထိ စစ်တွေမြို့ ပေါ်ရှိ တိုက်ပွဲရှောင်စုရပ်များဖြစ်သော ကရုချောင်းဘုန်းတော်ကြီးကျောင်း၊ ဇမ္ဗူရတနာကျောင်းတိုက်၊ မဟာမုဗုဒ္ဓ ဝိဟာရဘုန်းတော်ကြီးကျောင်း၊ နန်းရွှေဂူဘုန်းတော်ကြီးကျောင်း၊ ဓမ္မရာမဘုန်းတော်ကြီးကျောင်း၊ မဟာဝိဇယာ ရာမကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်များသို့ သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ဆော်သြခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)