ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း  - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် Talk Show ပြုလုပ်မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက်များ၌ စူပါအယ်လ်နီညိုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက် မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း
Revolution Slider Error: The param width not found in slider params.

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ လိုပူအုပ်စု၊ ဒေါဆီးအီကျးရွာ၊ နာယောင်လာကျေးရွာနှင့် ခေါင်းစောင်းကျးရွာများရှိ မိဘပြည်သူများအား COVID-19 ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များ ကို (၁၇.၄.၂၀၂၀) ရက်နေ့တွင် အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020  Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာအုပ်စု၊ သတ္တပလူကျေးရွာနှင့် လောလာလိ ကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်များကို (၁၇.၄.၂၀၂၀) ရက်နေ့တွင် အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020  Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကာလအတွင်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးမှုအနည်းငယ်ရှိကြောင်း သတင်းရရှိ

    ဧပြီ ၁၇၊ နေပြည်တော် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁၆)ရက် ညနေ(၆)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ၌အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ည(၇)နာရီ (၁၇)မိနစ်အချိန်ခန့်တွင်လည်း ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာတွင် အနက်(၃) ကီလိုမီတာကို ဗဟိုပြု၍  အင်အားရစ်ချ်တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ် ခဲ့ကြောင်း သိရှိရပါသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နှင့်ဖလမ်းမြို့တို့တွင် ပျက်စီးမှုအနည်းငယ်ရှိခဲ့ရာ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ မြို့နယ်စုပေါင်းရုံးအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးမှ … Read more

  • စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးဒဏ်ခံရသူများအား ထောက်ပံ့ မှုများဆောင်ရွက်လျက်ရှိ

    ဧပြီလ ၁၇ ရက်၊ နေပြည်တော်  မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းတိုက်ခတ်မှုများကြောင့် အိုးအိမ်ထိခိုက်ပျက်စီးမှုများကို နှစ်စဉ် ကြုံတွေ့ရလျက်ရှိပါသည်။ ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ (၁၂-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်းသို၊ ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များ၌ စုစုပေါင်း နေအိမ် (၉၅) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်း၊ (၁၅-၄-၂၀၂၀)နေ့တွင် ကောလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ အင်းတော်၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ … Read more

  • IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိ

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင် စခန်းများတွင်နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူ များအားCOVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်းရှိ အိမ်ထောင်စု (၁၀၀၀) စုနှင့် ဆေးသမားကြီး IDP စခန်းရှိ အိမ်ထောင်စု (၁၈၂၃) စုတို့အတွက် ဆပ်ပြာတောင့် ၂၈၂၃ တောင့်၊ Mask (၅၆၄၆)ခုနှင့် … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှ စတင်ပြီး မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်အုပ်စု၊ မျှင်ဝါးတောင်ကျေးရွာနှင့် ဘန့်ဘွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_apr2020