Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ မြသိန်းတန်ကျေးရွာအုပ်စု၊ မြသိန်းတန်ကျေးရွာတွင် (၀၇:၃၀) နာရီ၌လည်းကောင်း၊ ဆင်ကွင်းကျေးရွာတွင် (၀၈:၃၀) နာရီ၌လည်းကောင်း၊ ကြံခင်းစုကျေးရွာတွင် (၀၉:၃၀) နာရီ၌လည်းကောင်း၊ ဘူတင်းစုကျေးရွာတွင်(၁၁:၀၀)နာရီတို့တွင် Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် နောင်ချိုမြို့အတွင်းရှိ နောင်သြကျေးရွာနှင့် ကံကြီးကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာဘာသာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်နှင့် မင်းရွာကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_apr2020
-
မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့ (၁၆:၃၀)အချိန်ခန့်၌ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ နမ္မချီမှော်တွင် ဖြစ်ပွားသော မြေပြိုဘေးကြောင့် သေဆုံးသူ(၃)ဦးအတွက်(၁)ဦးလျင် ထောက်ပံ့ငွေ(၃၀၀၀၀ဝိ/-)နှုန်းဖြင့် (၉၀၀၀၀ဝိ/-)နှင့် ဒဏ်ရာရ(၁)ဦးအတွက်ထောက်ပံ့ငွေ(၅၀၀၀ဝိ/-)၊စုစုပေါင်းထောက်ပံ့ငွေ(၉၅၀၀၀ဝိ/-)အား (၃၀-၄-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_lsd #kcn_apr2020
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် အတူ ပူးပေါင်း၍ (၃၀-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝက်ကွင်း ကျေးရွာ အုပ်စုအတွင်းရှိ ဖူထောင်ကွေ့ကျေးရွာ၊ ဝက်ကွင်းရွာမကျေးရွာနှင့် ဝဲဒေါင့်ကျေးရွာများတွင် Covid-19 အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Hand Speaker၊ Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေး လုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid – 19 ကူးစက်ရောဂါ အသိပညာပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန< မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြိုနယ်၊ နားကောက်ကျေးရွာ နှင့် ဝမ်ဟောင်ကျေးရွာ အတွင်း Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့် ပူးပေါင်း၍ ဗမာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









