Latest News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ အလည်ကျေးရွာအုပ်စု၊ ရေငံ (အရေှ့)ကေျးရွာနှင့် နွားစာငုတ်ကျေးရွာ၌ လေဘေးဖြစ်ကြောင့် လေဘေးအမိုးလန်(၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၃၇၅၀၀/-)ကျပ်၊ လူဦးရေ(၅၈)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၂၁၈၀၀/-)ကျပ်တို့ကို (၄-၅-၂၀၂၀)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ရှေ့မှောက်တွင်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mdy_may2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်ဆေးဘေစင်၊ အပူချိန်တိုင်းကိရိယာနှင့် ဗီနိုင်းပိုစတာများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ ဒူကထောင်၊ နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၁၄)ရှိ IDPs စခန်းများသို့ လက်ဆေးဘေစင်(၃)ခု၊ Covid-19 အသိပညာပေး Flow Chart ဗီနိုင်းပိုစတာ (၃) ခု နှင့် Non-Contact Infrared Thermometer (၃) ခု တို့အား သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_may2020 … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆို မြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဒေါတဝီကျေးရွာနှင့် ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒေါဝယ်ကူး ကျေးရွာများသို့ သွားရောက်၍ သောက်သုံးရေ ဂါလံ (၁၄၀၀) စီတို့အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်နေရာများ၌ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၃-၅-၂၀၂၀)ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်နေရာများ၌ ယာဉ်ဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပူချိန်တိုင်းကိရိယာနှင့် ဗီနိုင်းပိုစတာများ ပေးအပ်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့၊ နှစ်ခြင်း(မူရင်း)IDPစခန်း၊ အိမ်ထောင်စု(၁၁)စု၊ လူဉီးရေ (၅၀) ဉီး တို့အတွက် အပူချိန်တိုင်းကိရိယာ (၁)ခု၊ ဗီနိုင်းပိုစတာ (၁)ခု နှင့် ဗန်းမော်မြို့၊ ရောဘတ်ကျောင်း IDPစခန်း၊ အိမ်ထောင်စု(၆၂၈)စု၊ လူဉီးရေ (၃၉၅၅) ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ (၂)ခု၊ ဗီနိုင်းပိုစတာ (၁)ခု စုစုပေါင်း IDPစခန်း(၂)ခုတို့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်၊ တည်ပင်တဲ ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာနှင့် ဒါနိုကျင်းကျေးရွာတို့၌ (၂-၅-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်လုံးဝပျက်စီးနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၅) လုံး၊ လူဦးရေ (၂၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၂၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၄,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား (၃-၅-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) … Read more









