Latest News
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းစကျေးရွာအုပ်စု၊ မွှန်းစကျေးရွာ၊ ငါးဇင်ရိုင်းကျေးရွာများသို့သွားရောက်ပြီး COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်အများအား အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လက်ဆေးဘေစင်၊ အပူချိန်တိုင်းကိရိယာနှင့် mask များ ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့ (၁၁၃၀)အချိန်၌ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နန့်မွန်းနှစ်ခြင်းဘုရားကျောင်း IDPs စခန်းရှိပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးဆောင်ရွက်ခဲ့ပြီး စခန်းရှိအိမ်ထောင်စု(၂၀)စုမှ လူဦးရေ(၁၀၄)ဦးအတွက် လက်ဆေးဘေစင်(၁)စုံ၊အပူချိန်တိုင်းကိရိယာ(၁)ခု၊Hand Speaker(၁)ခု၊ Momery Stick(၁)ခု၊အဝတ် Mask(၂၀၈)ခုနှင့်အသိပညာပေးဗွီနိုင်း(၁)ခုတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကျားကလေးလမ်းဆုံ၌ စိုက်ထူထားသော မီးဘေးဗီနိုင်းပိုစတာနေရာ၌ လေပြင်းဘေးဗီနိုင်းပိုစတာ အားပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #krn_may2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် စပ်လျဉ်း၍ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ၊ မိုင်းနား RC၊ မဒိန်နှစ်ခြင်း၊ မိုင်းနား (ဖွင့်ဖြိုးရေးခြံ)၊ မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ မှုရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ လီဆူနှစ်ခြင်း IDPs စခန်းများသို့ အပူချိန်တိုင်းကိရိယာ (၂) ခု၊ လက်ဆေးစင် (၁၀)ခု၊ ဗွီနိုင်းပိုစတာ(၂)ခု၊ Hand Speaker(၈)ခု၊ Memory Stick(၈)ခု၊ အဝတ် Mask (၇,၆၁၀) ခုတို့အား သွားရောက်ပေးအပ်ခဲ့ပါကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀)ရက်နေ့ (၁၅း၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ ပင်လုံးကျေးရွာ၊ နန့်စီးအောင်ကျေးရွာနှင့် မြိုင်သာယာကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအားအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပန်ကူကျေးရွာ၊ သြကာပကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ရှမ်းဘာသာ၊ ဗမာဘာသာဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









