Latest News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)နေ့တွင် ဖြစ်ပွား ခဲ့သော မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာလေဘေးမှ အိမ်ခြေ(၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၂) စုစာ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ် လူ (၇) ဦးအတွက်ဆန်ဖိုးငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၄,၇၀၀) ကျပ် အား(၁၂-၅-၂၀၂၀) နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် လည်း ကောင်း၊ (၁၁-၅-၂၀၂၀)နေ့တွင် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဥတ္တရသီရိမြို့နယ်အုပ်ချုပ်ရေးမှူးမှ၊ တောင်ညိုကျေးရွာအုပ်စု၊ ကျေးရွာ (၆) ရွာတို့၌ (၁၁.၅.၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၃)လုံး၊ အမိုးလန်နေအိမ် (၃၂)လုံး စုစုပေါင်းလူနေအိမ် (၃၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၆၇၈၀၀ဝိ/-)၊ ဘေးသင့်လူဉီးရေ(၁၆၀)ဉီးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၃၃၆၀၀ဝိ/-)၊ ဒဏ်ရာရလူနာ (၂ )ဦးအတွက်ထောက်ပံ့ရန်ပုံငွေ (၁၀၀၀၀ဝိ)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ( ၂၁၁၄၀၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃)အိမ်ထောင်စုစာတို့အား (၁၂.၅.၂၀၂၀)ရက်နေ့ ( ၁၂:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် သို့သွားရောက်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်သကျက်ကျေးရွာအုပ်၊ ခြောက်မိုင်ကျေးရွာ၊ လငုကျေးရွာ၊ တောင်ဘိန်း၂ကျေးရွာ၊ ဂဏန်းကွင်းကျေးရွာ၊ ကွင်းသစ်ကျေးရွာ၊ ကျွဲထိန်းကုန်းကျေးရွာ၊ ဆင်ခေါင်း ကျေးရွာနှင့်ဘန်ကျုတ်ကျေးရွာများတွင်covid-19 အသိပညာပေးခြင်း၊ ဗွီနိုင်းပိုစတာများကပ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_may2020
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ (၁၂-၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောက်လမ်းရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်များတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ပြည်သူလူထံသို့ အသိပညာပေးဆော်ဩမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး-ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင်၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးလယ်ကျေးရွာနှင့် လျားဒူကျေးရွာများသို့ သောက်သုံး ရေဂါလံ (၁,၄၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၂-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ်၊ မန်စယ်ကျေးရွာ၊ နမ္မဗောဒကျေးရွာနှင့် လားရှိုးပညာရေးကောလိပ်၌ တစ်ညအိပ်တည်းခိုနေထိုင်ရသော နေရပ် ပြန်ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေး ပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)









