လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)နေ့တွင် ဖြစ်ပွား ခဲ့သော မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာလေဘေးမှ အိမ်ခြေ(၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၂) စုစာ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ် လူ (၇) ဦးအတွက်ဆန်ဖိုးငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၄,၇၀၀) ကျပ် အား(၁၂-၅-၂၀၂၀) နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် လည်း ကောင်း၊ (၁၁-၅-၂၀၂၀)နေ့တွင် ဖြစ်ပွားခဲ့သော ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထော်ကျေး ရွာလေဘေးမှ အမိုးလန်ဘုန်းကြီးကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀၀) ကျပ်၊ အမိုးပျက်စီးအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ် နှင့် လူ(၅) ဦးအတွက် ဆန်ဖိုး ထောက်ပံ့ငွေ (၁၀,၅၀၀) ကျပ်တို့အား (၁၂-၅-၂၀၂၀)နေ့ နေ့လည် (၁:၀၀) နာရီတွင်လည်း ကောင်း ကြက်ခြေနီတပ်ဖွဲ့ နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#tny_may2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)