IDPs စခန်းများသို့ Covid_ 19 ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၄-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ နန်းကွေ့စိန့်ယောဟန်၊ မော်ဖောင်းလဝေါ်နှစ်ခြင်း၊ မော်ဖောင်းခါနန်နှစ်ခြင်း၊ ပလနကက်သလစ်(လူငယ်ဗဟိုကျောင်း)၊ နောင်နန်းတြီနတီ၊ နောင်နန်းဂျော် မဆပ် IDPs စခန်းများသို့ ဆပ်ပြာ (၄၂၁၇)ခဲ၊ ထုံး (၆၀)အိတ်၊  လက်သန့်ဆေးရေ (၁၀၁၄) ဘူး၊ အပူချိန်တိုင်းကိရိယာ (၆)ခု တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#kcn_may2020

Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events