မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၇)ရပ်ကွက်နှင့်ကေျးရွာ (၁)ရွာသို့ Covid_ 19 နှင်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ၊ အရေးယူမှုကိစ္စရပ်များ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_may2020

  • IDPs စခန်းများသို့ Covid_ 19 ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၄-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ နန်းကွေ့စိန့်ယောဟန်၊ မော်ဖောင်းလဝေါ်နှစ်ခြင်း၊ မော်ဖောင်းခါနန်နှစ်ခြင်း၊ ပလနကက်သလစ်(လူငယ်ဗဟိုကျောင်း)၊ နောင်နန်းတြီနတီ၊ နောင်နန်းဂျော် မဆပ် IDPs စခန်းများသို့ ဆပ်ပြာ (၄၂၁၇)ခဲ၊ ထုံး (၆၀)အိတ်၊  လက်သန့်ဆေးရေ (၁၀၁၄) ဘူး၊ အပူချိန်တိုင်းကိရိယာ (၆)ခု တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဖာပွန်မြို့နယ်အတွင်းရှိ ကပေခီးကျေးရွာ၊ ကတိုင်တိကျေးရွာ၊ ကကိုင်းဘောကျေးရွာနှင့် ကကူလားကျေးရွာတို့တွင် ​COVID -19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source:  ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သိုလှောင်ရုံစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့်တည်ဆောက်သော မကွေးတိုင်းဦးစီးမှူးရုံးနှင့် သိုလှောင်ရုံအား တိုင်းဒေသကြီးဦးစီးမှူး၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့်အတူ (75%) ပြီးစီးမူအားသွားရောက်စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #warehouse #mgy_may2020

  • မလှိုင်မြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မလှိုင်မြို့နယ်အတွင်း (၁၂-၅-၂၀၂၀) ရက်နေ့နှင့် (၁၃-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် ဘေးသင့် အမိုးလန်ပျက်စီး လူနေအိမ် (၃) လုံး၊ ပြိုကျပျက်စီးလူနေအိမ်(၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၄၈၉,၃၅၃/-) ကျပ်တို့အား (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2020 Source:  မလှိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

    ‌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၄-၅-၂၀၂၀) ရက်နေ့တွင် ကံဦးကျေးရွာအုပ်စုရှိ မြန်အောင်စုကျေးရွာ၊ သုံးဆက်ကျေးရွာ၊‌ ကံဦးကျေးရွာ၊‌ ဇေယျကျေးရွာနှင့် ရှမ်း‌ခေါင်းဗြဲအုပ်စုရှိ‌ ‌ရွှေ‌ညောင်ပင် အနောက်ကျေးရွာ၊ ရွှေ‌ညောင်ပင်အရှေ့ကျေးရွာများအတွင်းရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးဆောင်ရန်ရှောင်ရန်အချက်များကို ​အလွယ်တကူသိရှိလိုက်နာနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့​​ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံး (ဘစမ)