လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ တောင်ကုန်းကျေးရွာနှင့် အိုင်လျားကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အမိုးလန်နေအိမ်(၁၉)လုံး၊ အိမ်ထောင်စု (၁၉)စုမှ လူဦးရေ(၁၂၀)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၅၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅၂၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၇၇၀၀ဝ/-)ကျပ် အား (၁၅-၅-၂၀၂၀)ရက်နေ့(၁၄း၃၀) အချိန်တွင် ဘေးဖြစ်ပွားရာနေရာသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#sgg_may2020

Sign Up

Upcoming Events