လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့ နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ နှာခေါင်းချောင်းလေးကျေးရွာနှင့် စိန်ပန်းကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုး စက္ကူပုံးပါ (၄) အိမ်ထောင်စာ တန်ဖိုး (၁၅၁,၀၁၂)ကျပ်၊ အိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၅၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၂၂) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၆,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၉၆,၂၀၀)ကျပ်တို့ကို (၁၅-၅-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_may2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events