Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူပူးပေါင်း၍ ရှောက်ပင်အင်းကျေးရွာ အုပ်စုရှိ ရှောက်ပင်အင်းကျေးရွာ၊ မင်းကြမ်း ကျေးရွာနှင့် ငှက်ပြာဝကျေးရွာတို့တွင် လှည့်လည်၍ covid_19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၂:၀၀)အချိန်ထိ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော မိုင်းလွန် (ထက်) ကျေးရွာ၊ မိုင်းလွန်(အောက်)ကျေးရွာ၊ ငပိုးကြီးကျေးရွာ၊ ပုတ်သင်ကျေးရွာ၊ အီးအယ်ကျေးရွာများသို့ အသံချဲ့စက်ဖြင့့် COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ (၀၈:၃၀)နာရီချိန်မှ (၁၂:၃၀)နာရီထိ ကျိုက်ဒုံမြို့နယ် အမှတ်-၁၊ အမှတ်-၂ အမှတ်-၃၊ အမှတ်-၄၊ အမှတ်-၅၊ အမှတ်-၆ရပ်ကွက်များ၌ COVID-19ကူးစက်မြန်အဆုတ်ရောဂါ ပြန့်ပွားမှုများမရှိစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_may2020
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဆင်ထိုးကျေးရွာ၊ ခပေါင်းတောကျေးရွာ၊ ရင်ရောင်းကျေးရွာတို့တွင် (၁၃-၅-၂၀၂၀) ရက်နေ့ (၁၅:၄၀) နာရီအချိန်၌ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦ(၃)လုံး၊ ပြိုကျအိမ်ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၄)လုံး၊ စုစုပေါင်း(၅)လုံး၊ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀) ကျပ်၊ ဒဏ်ရာရ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၁၀,၀၀၀)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၆၁,၆၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး … Read more
-
ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက် လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်တွင် (၁၄-၅-၂၀၂၀) ရက်နေ့ (၁၉:၀၀) နာရီအချိန်၌ မိုးသက်လေပြင်းများ တိုက်ခတ် မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ လူဦးရေ (၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀/-) ကျပ်တို့အား (၁၅-၅-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေး သင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ လိပ်သစ်ကျေးရွာတွင် (၁၃-၅-၂၀၂၀) ရက်နေ့(၁၅:၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းသိမ်ကျောင်းဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)ကျပ်၊ ဓနိမိုး၊ ဓနိကာ ပြိုကျပျက်စီးနေအိမ်(၂)လုံ၊ လူဦးရေ(၉)ဦးတို့အတွက် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၁၈၉၀ဝ/-)ကျပ် အား (၁၅-၅-၂၀၂၀) ရက်နေ့၊(၁၀:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊လွှတ်တော်ကိုယ်စလှယ်ရုံးမှတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more









