COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၆-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ် ရပ်ကွက် (၉) ၊ ရပ်ကွက် (၁၀)နှင့် လားရှိုးပညာ​ရေး​ကောလိပ်၌ တစ်ညအိပ်တည်းခို​နေထိုင်​ရသော ​နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ar

#shn _may2020

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events