မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၈:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိ လွိုင်လင်မြို့l ပန်ခေါက်ဝိုးကျေးရွာ Covid-19 စစ်ဆေးရေးဂိတ်၌ ကျိုင်းတုံ – တောင်ကြီး ပြည်ထောင်စုကားလမ်းမပေါ်ရှိ ခရီးသွားပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းယူခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_may2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ အသင်း တို့နှင့်ပူပေါင်း၍ ကျိုင်းတုံ – တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အ၀င်/အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာ၊ နာခမ်းကျေးရွာနှင့် ဝင်းဘိုကျေးရွာတို့တွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၅-၅-၂၀၂၀)ရက်နေ့၊နံနက် (၀၈:၃၀) နာရီ ချိန်မှ နေ့လည်(၁၂:၃၀)နာရီအချိန်ထိ ကော့ကရိတ်မြို့၊ မြပတိုင်ကျေးရွာ အုပ်စုအတွင်းရှိ မြပတိုင်ကျေးရွာ၊ တံတားကျေးရွာ၊ ကော့တိုင်းပြေကျေးရွာ၊ လန်းခိုဘိုင်းကျေးရွာ၊ ကော့လဘိုကျေးရွာ၊ နောင်ကီခက်ကျေးရွာ၊ နောင်မိကျေးရွာနှင့် ကော့ကလာင်ကျေးရွာတို့၌ COVID-19ကူးစက်မြန်အဆုတ်ရောင်ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့ စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_may2020

  • ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၁၄-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၃၂) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၆၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၆၇,၂၀ဝ/-) ကျပ်တို့အား(၁၅-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) အချိန်တွင် ရေစကြိုမြို့နယ် … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူ ထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ် ၊ရပ်ကွက် (၇) ၊ ရပ်ကွက် (၈)နှင့် လားရှိုးပညာ​ရေး​ကောလိပ်၌ တစ်ညအိပ်တည်းခို​နေထိုင်​ရသော ​နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို  အသိပေးပန်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #shn_may2020 Source: … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာတွင် (၁၅-၅-၂၀၂၀) ရက်နေ့ (၀၂း၂၅) အချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၂၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၀၂၉၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁၄) အိမ်ထောင်စာတို့အား နေပြည်တော်တိုင်းဦးစီးမှူးရုံး၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more