လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လင်းခေးမြို့နယ်၊ မအွန် လောင်းကျေးရွာအုပ်စု၊ နားဝမ်းကျေးရွာ၌ (၁၅-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန် (တစ်စိတ်တစ်ပိုင်း) ပျက်စီးသွားသော နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထာက်ပံ့ငွေ (၁၈၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀/-) ကျပ်တို့အား (၁၆-၅-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#shn_may2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events