COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဖားကန့်မြို့နယ်ရှိ IDPs စခန်းများအား ဆပ်ပြာခဲ၊ ထုံးနှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရားကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရပ်ကွက်(၄)နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း၊ လုံးခင်းလယ်​ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းရပ်ကွက်(၅) ကက်သလစ်ဘုရားကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီဘုရားကျောင်းIDPs စခန်း(၁၆)ခုမှ အိမ်ထောင်စု(၆၄၃)စု၊ လူဦးရေ(၃၃၆၆)ဦးအတွက် ဆပ်​ပြာ(၃၃၆၆)ခဲ၊ ထုံး(၁၆၀) အိတ်နှင့် အပူချိန်တိုင်းကိရိယာ(၁၆)ခုတို့အား သွား​ရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#kcn_may2020

Source:       မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events