မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်အား (၁၈-၅-၂၀၂၀)ရက်နေ့ (၁၄း၀ဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_may2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀)ရက်နေ့၊ (၁၉း၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၇၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၉၇၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၃)အိမ်ထောင်စာအား (၁၈-၅-၂၀၂၀)ရက်နေ့ (၁၃း၃ဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၌ မင်းဘူး(စကု)မြို့နယ်၊ ဇီးအိုင် ကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀,၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၆,၃၀၀/-)ကျပ်အား (၁၈-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mgy_may2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု၊ တဲတန်းကျေးရွာတွင် (၁၆-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ(၆)လုံး၊ ၎င်းအိမ်ထောင်စု (၆)စုရှိ မိသားစုဝင်(၂၆)ဦးနှင့် သာသနိကအဆောက်အဦ(၂)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ် ကိုလည်းကောင်း၊ သာသနိကအဆောက်အဦ(၂) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေး (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၄၆၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၈၅၄၆၀၀/-)ကျပ်တို့ကို (၁၈-၅-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုအွတ်ကျေးရွာ အုပ်စုနှင့် မက်မွန်မုန်းကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးသွားခဲ့သော လူနေအိမ် (၂)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၅၂၀၀၀/-)ကျပ်နှင့် (၁၄-၅-၂၀၂၀)ရက်နေ့(၂၁:၃၀)အချိန်တွင် ကွန်ဟိန်းမြို့၊ အမှတ်(၁၊၃၊၄၊၅)တို့တွင် မိုးသက် လေးပြင်းနှင့်အတူ မိုးသီးကြွေကျခြင်း တို့ကြောင့် လူနေအိမ်(၆)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်းတို့အတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ(၅၉၁၀၀၀/-)ကျပ်တို့ကို (၁၈-၅-၂၀၂၀)ရက်နေ့ ( ၁၆:၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • သောက်သုံးရေလှူဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၁၈.၅.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ဒီးကူးလယ်ကျေးရွာနှင့် ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးခူကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၄၀၀)စီအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)