လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုအွတ်ကျေးရွာ အုပ်စုနှင့် မက်မွန်မုန်းကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးသွားခဲ့သော လူနေအိမ် (၂)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၅၂၀၀၀/-)ကျပ်နှင့် (၁၄-၅-၂၀၂၀)ရက်နေ့(၂၁:၃၀)အချိန်တွင် ကွန်ဟိန်းမြို့၊ အမှတ်(၁၊၃၊၄၊၅)တို့တွင် မိုးသက် လေးပြင်းနှင့်အတူ မိုးသီးကြွေကျခြင်း တို့ကြောင့် လူနေအိမ်(၆)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်းတို့အတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ(၅၉၁၀၀၀/-)ကျပ်တို့ကို (၁၈-၅-၂၀၂၀)ရက်နေ့ ( ၁၆:၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#shn_may2020