Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ IDPs စခန်းများ၌ handgel၊ Maks များပေးအပ်ခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လှုမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာန၊ ကျန်းမားရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာအမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၇.၅. ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း IDP(camps) (၅)ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး အိမ်ထောင်စု (၅၆)၊ လူဦးရေ(၂၆၅)၊ (၆)ရပ်ကွက် မူကြိုကျောင်း အိမ်ထောင်စု(၃၈)၊ လူဦးရေ(၁၈၇)၊ စုစုပေါင်းအိမ်ထောင်စု(၉၄)စု၊ လူဦးရေ(၄၅၂)ဦးတို့အတွက် လူတစ်ဦးလျှင် masks(၂)ခု နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂)ဗူးနှုန်း ဖြင့် စုစုပေါင်းmask(၉၀၄)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၁၈၈)ဗူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ်masksနှင့်ပက်သက်၍ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈.၅.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဆောင်ကန်း ကျေးရွာနှင့် သရက်ပင်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ရေနံချောင်းမြို့နယ်၊ သစ်တပွေရပ်ကွက်၊ သစ်တပွေမြောက် ရပ်တွင် (၁၆-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျအိမ်ခြေ (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ သေဆုံးသူ(၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး၊ အိမ်ထောင်စု(၁) စုစာတို့အား … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၅:၁၅) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းအုပ်စု၊ ခရမ်းကိုင်းကျေးရွာ၊ ဆင်ဆိပ်ကျေးရွာ၊ မာန်ကျည်းကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ သရက်ခုန်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_may2020
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့တွင် ပန်းတနောမြို့နယ်၊ ဆိအင်းမကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၅) ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၈- ၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(ကွက်သစ်ပိုင်း)၊ ဦးအုန်းသီး(တဲတိုက်)၊ ဦးဝင်းကြည် (တဲတိုက်)နှင့် ဒေါ်အေး(တဲတိုက်) ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင် စု(၁၂၁) စု၊ လူဦးရေ (၅၈၄) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရ ရှိပါသည်။ #ha_drg #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး … Read more









