လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့ နယ်၊  ရုံးရပ်ကွက်တောင်ပိုင်းတွင် (၁၈-၅-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)နာရီအချိန် လေပြင်းတိုက်ခတ် မှုကြောင့်  နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ

စုစုပေါင်း(၃)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ( ၆၃၀ဝိ/-) ကျပ်နှင့် နေအိမ်(၁)လုံး အတွက်  အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၁၅၀ဝဝိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၃၀ဝိ/-)ကျပ် အား (၁၉-၅-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

#ha_sgw

#mgy_may2020

Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events