မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ၊ (၁၅:၃၀)နာရီအချိန်ထိ ထီးလင်းမြို့နယ်၊ ဒေါသာကျေးရွာအုပ်စု၊ ဒေါသာကျေးရွာနှင့် ကျိုင်းကျေးရွာ၊ ငါးဆင်းကျေးရွာအုပ်စု၊ ငါးဆင်းကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောလျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုင်းရူးမြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းရူးမြို့နယ်အတွင်း၌ (၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၉:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန် လူနေအိမ် (၁၄) လုံး၊ လူဦးရေ (၇၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၅,၀၀၀/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို မြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၆) ရွာတို့၌ (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၂) လုံးနှင့် အမိုးလန်နေအိမ် (၇) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၀,၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၂) စုရှိ လူဦးရေ (၇) ဦးတို့ အတွက် … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)အချိန်၌ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာအုပ်စု၊ အောင်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀/-)၊ ဘေးသင့်လူဦးရေ(၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောင်ပံ့ငွေ (၆၆၃၀ဝ/-)ကျပ်တို့ကို (၁၉-၅-၂၀၂၀)ရက်နေ့ ( ၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_ sgw #npw_may2020

  • မြိတ်မြို့နယ်၊ ကွက်သစ်ရပ်၊ သာကေတရပ်နှင့် ဇေယျာသီရိ (၂) ရပ်တို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ကွက်သစ်ရပ်၊ သာကေတရပ်နှင့် ဇေယျာသီရိ (၂) ရပ်တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

    ၁၈-၅-၂၀၂၀  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၈-၅-၂၀၂၀)နေ့(၁၄:၀၀)အချိန် ထုတ်ပြန်သည့် စူပါဆိုင်ကလုန်းမုန်တိုင်း သတင်းအမှတ်စဉ် (၁၄/၂၀၂၀)အရ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနမှ လေ့လာဆန်းစစ်တွေ့ရှိချက်များအရလည်းကောင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင်ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိဘဲ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရှိရပါသည်။  အဆိုပါ အဖျက်စွမ်းအားကြီးမားသော စူပါဆိုင်ကလုန်းမုန်တိုင်း … Read more