Latest News
-
သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်း၊ ဘုရားကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်း၊ ဘုရားကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ (၃၂၀၀) အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ပြင်ဖြူမော်ရပ်ကွက်နှင့် င/လပွေ့ရပ်ကွက်တို့တွင် (AMPHAN၊အမ်ဖန်) မုန်တိုင်းအန္တရာယ် သတိပေး နှိုးဆော်ခြင်းနှင့် မုန်တိုင်းအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့အား မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_may2020
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့၊ ကျေးရွာအုပ်စု (၁၄) စု၊ ကျေးရွာ (၁၄) ရွာတို့၌ (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၄:၄၅) အချိန်မှ (၁၅:၁၅) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း၊ လူနေအိမ် (၂၃) လုံးတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၂၃,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၉၉,၅၀၀/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့ နယ်၊ ရုံးရပ်ကွက်တောင်ပိုင်းတွင် (၁၈-၅-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)နာရီအချိန် လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၃)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ( ၆၃၀ဝိ/-) ကျပ်နှင့် နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၁၅၀ဝဝိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၃၀ဝိ/-)ကျပ် အား (၁၉-၅-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးနှင့် စလင်းမြို့နယ်ဦးစီးမှူးရုံးမှ (၁၉-၅-၂၀၂၀)ရက်နေ့တွင် မင်းဘူးခရိုင်၊ စလင်းမြို့၊ ဈေးမရပ်ကွက်၊ မြင်တင်ရပ်ကွက်၊ ပုထိုးဖြူရပ်ကွက်နှင့် မြေမိကုန်းရပ်ကွက်များအတွင်း Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အုပ်စု (၃) အုပ်စု၊ (ခြောက်ရွာ၊ သဘော့၊ အိုးကွဲ)၊ ကျေးရွာခွဲ (၃) ရွာတို့၌ (၁၇-၅-၂၀၂၀ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးနေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၃) စု၊ စုစုပေါင်း အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀,ဝဝဝ/-) ကျပ်၊ ပြိုလဲပျက်စီးအိမ်ထောင်စု (၁) စုအတွက် … Read more









