လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၉-၅-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ မြဝတီမြို့အတွင်း အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက် တို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိရှိ လိုက်နာရန် အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပေးကြေငြာချက်များ၊  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသော ဥပဒေများကိုလိုက်နာရန် အသိပေးကြေငြာချက်များအား အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း … Read more

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့၌ ကျောက်မဲ မြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ ခန်းဆာကျေးရွာနှင့် (၁၆-၅-၂၀၂၀) ရက်နေ့၌ သီပေါမြို့နယ်၊ ပုံဖမ်း၊ ဆွန်အွိုက်၊ လောင်ခွန်၊ တဲစန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သော နေအိမ် (၁၇) လုံး၊ အိမ်ထောင်စု (၁၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၁၅,၄၀ဝ/-) ကျပ်နှင့် လူဦးရေ (၇၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၅,၉၀ဝ/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၈:၃၀) အချိန်တွင် ချောက်မြို့၊ ကျောက်တန်း ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၆၈၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၆၈၀၀/-)ကျပ်တို့ကို (၁၉-၅-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ sgw … Read more

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅) ရွာ၌ (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်မှ (၁၄:၄၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၂၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၄,၆၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၅,၀၀ဝ/-) … Read more

  • မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဥယျာဉ်တန်းလမ်း၌ (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင် ကျွမ်းမှုကြောင့် ဘေးသင့်လူနေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၄၂၀၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၅) … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ ညနေ(၁၅ :၃၀) အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာမှ အိမ်ခြေ(၄)လုံး၊ ဝမ်ကောင်းမွန်းကျေးရွာမှ အိမ်ခြေ (၂)လုံး၊ ဖန်မင်ကျေးရွာမှ အိမ်ခြေ(၃)လုံး၊ စုစုပေါင်းတစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၈၀၀၀) ကျပ်အား (၁၉-၅-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more