လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၊ ညနေ(၁၈း၀၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ စမ်းဝအုပ်စုနှင့် ရေကျော်အုပ်စု၌ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၂,၀၀၀ိ/-)ကျပ်နှင့် ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စု၊ ရွာသာယာကျေးရွာတွင် (၁၈-၅-၂၀၂၀) ရက်နေ့၊ ညနေ(၁၅း၃၀)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၂,၀၀၀ိ/-)ကျပ်အား (၂၀-၅-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန ရုံးတွင် တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_may2020

Sign Up

Upcoming Events