လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်၊ ကြိမ်ချောင်းပိုင်းကျေးရွာတွင် (၁၇.၅.၂၀၂၀) ရက် နေ့၌ ဖြစ်ပွားသောမီးဘေးကြောင့် ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀ဝ/-)၊ လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၈၄၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)အိမ်ထောင်စာ (၆၄၇၀၆/-)နှင့် စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀ဝ/-)အား (၁၉.၅.၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_may2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)