Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ၊ သစ်တိုထောက်ကျေးရွာ၊ ကျောက်ဝတ်ကုန်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်ကို Hand Speaker ဖြင့်လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီ အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်ကုန်းမြို့ နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွမ်းတောကျေးရွာ၊ နတ်မာကျေးရွာနှင့် ဆရာစံရပ်ကွက်များရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှ (၁၅:၄၅) နာရီအချိန်အထိ ပွတ်ခရိုင်ကျေးရွာ၊ ကံစုကျေးရွာ၊ မြစ်ကျိုးလေးကျေးရွာ၊ ကံကွင်းကျေးရွာ၊ ခါးပြတ်ကျေးရွာ၊ ငါးရာဘိုကျေးရွာ၊ ကျုတောကျေးရွာ၊ ဘုရားငုတ္တိုကျေးရွာ၊ ပန်းဖြူကွင်းကျေးရွာ၊ ဖုန်းဆိုးချောင်းကျေးရွာ၊ ဘိုပြားကျေးရွာ၊ ချောင်းကွဲကြီးကျေးရွာ၊ မိချောင်းတစ်ရာကျေးရွာ၊ ပန်းဖြူသစ်ကျေးရွာ၊ လူတော်ကြီးကျေးရွာ၊ လူတော်လေးကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ အောင်ချမ်းမြကျေးရွာ၊ တောင်စုကျေးရွာ၊ အောင်ချမ်းမြကျေးရွာ၊ တောင်စုကျေးရွာ၊ မြောက်စုကျေးရွာ၊ ကျောင်းသစ်ကျေးရွာ၊ ဒဂုံမေကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ပကိတ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၂၁-၅-၂၀၂၀)ရက်နေ့ (၁၉:၀၀)အချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂,၅၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၈,၈၀ဝ/-) ကျပ်အား ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ha_sgw #npw_may2020 … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ကြာကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာ၊ အုံးပင်စုကျေးရွာ၊ ဇရစ်ဝိုင်းကျေးရွာ၊ ကွမ်းခြံကုန်းကြီးကျေးရွာတို့တွင် (၀၉:၃၀) နာရီမှ (၁၂:၄၅) နာရီ အထိလတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံနှံ့လျှက်ရှိသော Covid-19 ကူးစက်ရောဂါနှင့် ပက်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ တက်မကျေးရွာအုပ်စုရှိ တက်မကျေးရွာ၊ ဝဲမကျေးရွာ၊ နုံးပုံကျေးရွာ၊ သံပုရာပင်ကျေးရွာနှင့် တွင်းမငယ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









