Latest News
-
(COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၀) ရက် နေ့တွင် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းကျေးရွာ၊ ဂရံစံပြကျေးရွာ၊ ဂွေးတောက်ကွင်းကျေးရွာ၊ ရွှေညာင်ပင်ကျေးရွာ၊ ဆင့်ကူးကျေးရွာ၊ ဝက်လှကျေးရွာ၊ မြို့တွင်း ရပ်ကွက်တို့တွင် (COVID – 19) ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid_19 ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၄-၅-၂၀၂၀) ရက်နေ့တွင် ပြင်ချောင်းအုပ်စု၊ ရွှေသီးစုရပ်ရှိ အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၆၁)ဦးအား အဝတ်mask(၁၂၂)ခုအားလည်းကောင်း ခမောင်းချောင်းအုပ်စု၊ ငဖရုံစုရပ်ရှိ အိမ်ထောင်စု(၆၂)စု၊ လူဦးရေ (၃၁၈)ဦးအား အဝတ်mask(၆၃၆)ခုအားလည်းကောင်း ခမောင်း ချောင်းအုပ်စု၊ ဝါးနက်ရုံစုရပ်ရှိ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ (၃၁၇)ဦးအား အဝတ်mask (၆၃၄) ခုအားလည်းကောင်း ကင်းတောင်အုပ်စု၊ ဒုံးသိမ် ဓမ္မာရုံရှိစုရပ်ရှိ အိမ်ထောင်စု (၁၁)စု လူဦးရေ (၆၅) … Read more
-
သောက်သုံးရေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း၊ ရွာလယ်ပိုင်း၊ တောင်ပိုင်း)ရှိ အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင် စု(၁၂၃) စုမှ လူဦးရေ (၅၁၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) ကို (၂၄-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ဆက်စပ်သည့် ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၅.၂၀၂၀)ရက်နေ့တွင် မိုးမောက်မြို့၊ နှစ်ခြင်း IDPစခန်း၊ အိမ်ထောင်စု (၄၀၄) စု၊ လူဦးရေ (၁၉၀၅)ဉီးတို့အတွက် hand speaker (၁)ခု၊ memory stick (၁) ခု ၊ အပူချိန်တိုင်းကိရိယာ (၁) ခု၊ ဘေစင် (၇) စုံ၊ ထုံး (၁၀)အိတ်၊ ဆပ်ပြာ (၁၉၀၅) ခဲ၊ လက်သန့်ဆေးရည် (၈၀၈) ဗူး၊ အ၀တ်mask … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၅.၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ဝက်ရုပ်ကျေးရွာအုပ်စု၊ ဝက်ရုပ်ကျေးရွာ၊ အနောက်စုကျေးရွာ၊ တဇောင်းရိုးကျေးရွာ၊ သစ်ပုတ်ကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာ၊ ကွက်သစ်ကျေးရွာတို့တွင် (၀၈:၀၀) နာရီမှ (၁၂:၄၅) နာရီအထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံနှံ့လျှက်ရှိသော Covid-19 ကူးစက်ရောဂါနှင့်ပက်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ကုန်းတန်းမြောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၆)ရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loud Speaker ဖြင့်လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









