လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၅.၂၀၂၀)ရက်နေ့တွင် မိုးမောက်မြို့၊ နှစ်ခြင်း IDPစခန်း၊ အိမ်ထောင်စု (၄၀၄) စု၊ လူဦးရေ (၁၉၀၅)ဉီးတို့အတွက် hand speaker (၁)ခု၊ memory stick (၁) ခု ၊ အပူချိန်တိုင်းကိရိယာ (၁) ခု၊ ဘေစင် (၇) စုံ၊ ထုံး (၁၀)အိတ်၊ ဆပ်ပြာ (၁၉၀၅) ခဲ၊ လက်သန့်ဆေးရည် (၈၀၈) ဗူး၊ အ၀တ်mask (၃၈၁၀) ခု၊ မိုးမောက်မြို့၊ ကက်သလစ်ကျောင်း IDP စခန်း၊ အိမ်ထောင်စု (၈၈)စု၊ လူဦးရေ (၄၁၄) ဦးတို့အတွက် hand speaker (၁) ခု၊ memory stick (၁) ခု ၊ အပူချိန်တိုင်းကိရိယာ (၁) ခု၊ ဘေစင် (၂) စုံ၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၄၁၄) ခဲ၊ လက်သန့်ဆေးရည် (၁၇၆) ဗူး၊ အ၀တ်mask (၈၂၈)ခု စုစုပေါင်း IDPစခန်း(၂)ခု တို့၌ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)