လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀) နာရီထိ ဟင်္သာတမြို့နယ်၊ လှည်းလမ်းတက်အုပ်စုအတွင်းရှိ(လှည်းလမ်းတက်၊ ဘေးချောင်၊ အိုင်ကြီး၊ အလယ်စု၊ လက်ပံစု၊ တလုပ်ကုန်း(မြောက်/တောင်/ အရှေ့/၊ တလုပ်ကုန်းကျောင်းစု) ကျေးရွာ များနှင့် ဇလွန်မြို့နယ်၊ သဲကုန်းအုပ်စု၊ သဲကုန်းကျေးရွာ၊ အရုပ်ကွင်းအုပ်စု၊ အရုပ်ကွင်း/ မောင်းထောင် ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူများအား အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)