Latest News
-
ချင်းပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ
Source: MOSWRR ~~~~~ မေလ ၂၆ ရက်၊ နေပြည်တော် ~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ (၂၄-၅-၂၀၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ သာသနာ့ဝေပုလ္လဘုန်းတော်ကြီး ကျောင်း၊ လမ်းဦးစီးဝန်ထမ်းအိမ်ရာ၊ (အ.လ.က)လိပ်ကုန်း၊ … Read more
-
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်၊ Mask နှင့် လက်သန့်ဆေးရည်များလာရောက်လှူဒါန်း
Source: MOSWRR ~~~~~ မေလ ၂၆ ရက်နေ့၊ နေပြည်တော် ~~~~~ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်များ၊ လက်သန့်ဆေးနှင့် Mask များကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်းက ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းရာတွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်မေယဉ်ထွန်းနှင့်အဖွဲ့က စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်(၂,၀၀၀)အုပ် … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ကျိုက်လတ်မြို့နယ်၊ မိသာလင်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာရှိပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိုင်းများကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာတွင်(၂၂-၅-၂၀၂၀) ရက်နေ့၌ လေဘေးကြောင့် သစ်ပင်ပိသေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)ကျပ်အား (၂၅-၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ကျိုက်လတ်မြို့နယ်၊ ဒါနချောင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိုင်းများကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ သံပြာချောင်းကျေးရွာအုပ်စု၊ သံပြာချောင်းကျေးရွာရှိ အိမ်ခြေ (၂၅၀) လုံး၊ အိမ်ထောင်စု (၃၀၈)စု၊ လူဦးရေ(၁၄၁၃)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၂၆-၅-၂၀၂၀)ရက်နေ့၊(၁၆:၃၀) အချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာသွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_may2020









