လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ သံပြာချောင်းကျေးရွာအုပ်စု၊ သံပြာချောင်းကျေးရွာရှိ အိမ်ခြေ (၂၅၀) လုံး၊ အိမ်ထောင်စု (၃၀၈)စု၊ လူဦးရေ(၁၄၁၃)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၂၆-၅-၂၀၂၀)ရက်နေ့၊(၁၆:၃၀) အချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာသွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#mgy_may2020