လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (မဒေါ့တလုတ်ကုန်း၊ မွှေးလုံး၊ ဇုက္ကနိ၊ ရိုးကြီး၊ ကိုင်းတောကွင်း၊ သဲဖြူ(ယုန်)၊ ဘေးချောင်၊ ရှားဖြူကုန်း)အုပ်စု (၈)စုရှိ ကျေးရွာခွဲ (၁၆)ရွာတို့တွင် (၂၈.၅.၂၀၂၀)ရက်နေ့ ဖြစ်ပွါးခဲ့သော လေဘေးသင့် အိမ်ခြေ(၇၃)လုံး၊ (ပြို. ၂၊ လန်. ၇၁)၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ လူဦးရေ (၂၆၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၂၃၁၀၀၀၀)ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးကျပ် (၅၅၀၂၀၀)ကိုလည်းကောင်း၊ ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျပ်(၅၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၉၁၀၂၀၀)ကို (၂၉.၅.၂၀၂၀)ရက်နေ့၊ (၁၆:၃၀)နာရီချိန်တွင် လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ ညောင်ပင်ရပ်ကွက်၊ တာကလေးရပ်ကွက်၊ (ချောင်းဖျား၊ စစ်ကုန်း၊ အင်္ဂပို၊ လယ်တီ၊ ဒုတ်ရိုက်၊ အင်းကြီး၊ ရဲကွင်း)အုပ်စုတို့တွင်
(၂၈.၅.၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ခြေ(၈၁)လုံး၊ (ပြို. ၁၂၊ လန်. ၆၉)၊ လူဦးရေ (၃၁၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၂)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၃၂၇၀၀၀၀)ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးကျပ် (၆၆၅၇၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ်(၃၉၃၅၇၀၀)ကို (၃၀.၅.၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့််အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ayy_may2020

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events