ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ဗြတ်ဝိသားကျေးရွာ၊ အလယ်ကုန်း‌ကျေးရွာနှင့် ဝင်းကဖော်‌ကျေးရွာတို့တွင် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (မဒေါ့တလုတ်ကုန်း၊ မွှေးလုံး၊ ဇုက္ကနိ၊ ရိုးကြီး၊ ကိုင်းတောကွင်း၊ သဲဖြူ(ယုန်)၊ ဘေးချောင်၊ ရှားဖြူကုန်း)အုပ်စု (၈)စုရှိ ကျေးရွာခွဲ (၁၆)ရွာတို့တွင် (၂၈.၅.၂၀၂၀)ရက်နေ့ ဖြစ်ပွါးခဲ့သော လေဘေးသင့် အိမ်ခြေ(၇၃)လုံး၊ (ပြို. ၂၊ လန်. ၇၁)၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ လူဦးရေ (၂၆၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၂၃၁၀၀၀၀)ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးကျပ် (၅၅၀၂၀၀)ကိုလည်းကောင်း၊ ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျပ်(၅၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၉၁၀၂၀၀)ကို (၂၉.၅.၂၀၂၀)ရက်နေ့၊ (၁၆:၃၀)နာရီချိန်တွင် လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ … Read more

  • COVID-19 ကြိုတင်ကာကွယ်နိုင်ရေး ပစ္စည်းများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ်စခန်းများဖြစ်သော စေတီတောင်အုပ်စု၊ စေတီတောင်စုရပ်ရှိ အိမ်ထောင်စု (၆၂၄)၊ လူဦးရေ  (၂၄၁၀)ဦးအား အဝတ်mask ၄၈၂၀ခု၊ Hand Speaker ၁ခု၊ Memory Stick၁ခု၊ vinyl ၁ခု၊ Thermal sensar ၁ခု၊ Hand Gel (၆၂၄)ဘူးအားလည်းကောင်း၊ ဖုံညိုလိပ်အုပ်စု၊ ဖုံညိုလိပ် ဘင်္ဂါလီစုရပ်ရှိ အိမ်ထောင်စု (၅၉)၊ လူဦးရေ (၅၆၉)ဦးအား အဝတ်mask ၁၁၃၈ခု၊ Hand Speaker ၁ခု၊ … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ လဝကဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် (၂၇/၂၈-၅-၂၀၂၀)ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုခံစားခဲ့ ရသော ကျေးရွာအုပ်စု (၈) စုရှိ အမိုးလန်နေအိမ် (၉၆)လုံးနှင့် ပြိုလဲနေအိမ် (၄)လုံးရှိ အိမ်ထောင်စု (၁၀၀)အား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၉၂၉,၀၀၀/-) ကျပ် နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀) ကျပ် စုစုပေါင်း ( ၂,၈၅၂,၁၀၀/-) ကျပ်နှင့် … Read more

  • COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ ရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ ရှင်ကြီးပျောက်ကျေးရွာ၊ မအူပင်ဒေါင့်ကျေးရွာ၊ ကညင်ကွင်းကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာဝန်ရှိသူများနှင့်အတူ (၂၈-၅-၂၀၂၀)ရက်နေ့၌ (၁၁း၀၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_may2020 Source:           သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သောက်သုံးရေ လှူဒါန်းထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံး ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာရှိ အိမ်ခြေ(၉၆)လုံး၊ အိမ်ထောင်စု(၁၀၈)စု၊ လူဦးရေ(၅၃၀)ဦးအတွက် အိမ်ထောင်စု(၁)စုလျှင် လီတာ(၂၀)ပါ ရေသန့်(၁)ဘူးနှုန်းဖြင့် (၇)ရက်စာ(၇၅၆)ဘူး တန်ဖိုး(၄၅၃၆၀၀)ကျပ်၊ သယ်ယူပို့ဆောင်ခ(၁၅၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး(၆၀၃၆၀၀)ကျပ်အား (၂၇.၅.၂၀၂၀)ရက်နေ့တွင် တောင်ကုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ကလိန်တောင်ကျေးရွာသူ‌ကျေးရွာသားများထဲသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg #rke_may2020 Source:           သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)