လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ လဝကဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် (၂၇/၂၈-၅-၂၀၂၀)ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုခံစားခဲ့ ရသော ကျေးရွာအုပ်စု (၈) စုရှိ အမိုးလန်နေအိမ် (၉၆)လုံးနှင့် ပြိုလဲနေအိမ် (၄)လုံးရှိ အိမ်ထောင်စု (၁၀၀)အား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၉၂၉,၀၀၀/-) ကျပ် နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀) ကျပ် စုစုပေါင်း ( ၂,၈၅၂,၁၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၃၀-၅-၂၀၂၀)ရက်နေ့ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_may2020

Sign Up

Upcoming Events