လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Multi-purpose Shelter အဆောက်အဦပြုပြင်မွမ်းမံမှုအား ကြည့်ရှုခြင်းနှင့် ဖလမ်းမြို့ Multi-purpose Shelter ရာနှုန်းပြည့်တည်ဆောက်ပြီးစီးသည့်အတွက် လွှဲပြောင်းလက်ခံမှုသတင်း

    ချင်းပြည်နယ်၊ ဟားခါးမြို့၊ Multi-purpose Shelter ကြမ်းခင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၄-၆-၂၀၂၀) ရက်နေ့ (၀၉း၀၀) အချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဆောင်သောအဖွဲ့မှ လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ၎င်းအပြင် အဆောက်အဦအတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာနှင့် (၁၁)ကေဗွီလိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အတူ (၄-၅-၂၀၂၀)ရက်နေ့ (၁၄း၀၀)အချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ Multi-purpose Shelter (၉၀´×၆၀´) နှစ်ထပ်အဆောက်အဦ ၁၀၀% ပြီးစီးမှုကို စစ်ဆေး၍ လွှဲပြောင်းလက်ခံခဲ့ပါသည်။ Covid-19 … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀)ရက်နေ့၊ (၂၄း၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်ကြီး ကျေးရွာအုပ်စု၊ပန်းတင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆,၀၀၀ိ/-) ကျပ်၊ ဘေးသင့် လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝိ/-) ကျပ်၊စုစုပေါင်းထောင်ပံ့ငွေ (၅၄,၄၀ဝိ/-)ကျပ်တို့အား (၅-၆-၂၀၂၀)ရက်နေ့၊ (၁၅း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_sgw #npw_jun2020

  • ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု၊ ငါးပုတ်ရွှေကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု၊ ငါးပုတ်ရွှေကျေးရွာ၌ (၄-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၀၅၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၁၀၅၀ဝိ/-)အား (၅-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့နှင့်(၃-၆-၂၀၂၀)ရက်နေ့တို့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၁၃)အုပ်စု၊ ကျေးရွာ (၂၁)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၆)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ အမိုးလန်နေအိမ် (၈၈)လုံးတို့အား အိမ်ဆောက်/ကျောင်းပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၇၄၀၀၀/-) ကျပ်၊ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ ( ၃၁၀၇၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စုစာတို့အား (၅-၆-၂၀၂၀)ရက်နေ့ နေ့လယ် … Read more

  • မြေအက်ကွဲကြောင်းပေါ်ပေါက်လာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ လက်ပံပုကျေးရွာ၌ မြေအက်ကွဲကြောင်းပေါ်ပါက်လာမှ်ကြောင့် (၅.၆.၂၀၂၀) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းလေ့လာဆန်းစစ်ခဲ့ပြီး ရပ်ရွာလူထုအား ဖြစ်စဉ်ကိုသုံးသပ်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရန် ရှင်းလင်းတင်ပြခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_lsd #bgo_jun2020 Source:           ပြည်ခရိုင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခင်စိုက်ထူထားသော မီးဘေးအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အစား ရေဘေး အသိပညာ နှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများ သိရှိစေရန်အတွက် သဘာဝဘေး အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်ကို ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ (၅-၆-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #office_dev #ayy_jun2020