Latest News
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀)ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်မှ (၁၄း၃၀)အချိန်အထိ ရမ်းဗြဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ ကုန်းဘောင်ကျေးရွာ၊ မင်းပြင်ကျေးရွာနှင့် အလယ်ရွာသစ်ကျေးရွာတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လိုက်လံနှိုးဆော်ခြင်းများအား ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: : ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် (၆-၆-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့၊ အမှတ် (၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၃၆၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၃၃၆၀ဝ/-)ကျပ်အား (၈-၆-၂၀၂၀) ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ rbe #ayy_jun2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာ၌ (၇-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀/-)၊ လူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၃,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၆၃,၀၀၀/-) တို့အား (၈-၆-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လွိုင်ကော်မြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စု တီးလုံကျေးရွာ၊ နားဆုံကွေ့ကျေးရွာ၊ ဒေါစဲကျေးရွာနှင့် မဲဖျာကျေးရွာ၊ ထီးစဲခါးကျေးရွာအုပ်စု ဝမ်ခိုင်းကျေးရွာ၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး(မြောက်)ကျေးရွာနှင့် ကျောက်ကြီး(တောင်)ကျေးရွာ၊ နွားလဝိုးကျေးရွာအုပ်စု သ ပြေကုန်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၂၀) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၈-၆-၂၀၂၀)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင် ၊ ထားဝယ်မြို့နယ်၊ ကူးတို့ကျေးရွာ၊ အလယ်ကုန်းကျေးရွာနှင့် ကနိုင်းဒါကျေးရွာတို့တွင် hand speaker၊ လောစပီကာ တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်းများဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2020









